ဈာန် အကြောင်း

zannmyanmar

'ဈာန်'လှော်နေကြာဖြစ်ပေါ်လာပုံ

‘ဈာန်’လှော်နေကြာအမှတ်တံဆိပ်သည် ပွိုင့်ရွှေနေကြာမှ ၁၉၉၈-ခုနှစ်တွင် ပြင်ဦးလွင်မြို့တွင် စတင်မွေးဖွားပေးခဲ့သောအမှတ်တံဆိပ်တစ်ခုဖြစ်သည်။

နေကြာစေ့၏ကုန်ကြမ်းများကို ပြည်တွင်းပြည်ပမှ အရည်အသွေးပြည့်ဝပြီး အမျိုးအစားကောင်းမွန်စွာ စီိစစ်ရွေးချယ်ဝယ်ယူလျက်ရှိသည်။ ထုတ်ပိုးမှု ပါကင်များကိုလည်းခေတ်မီစက်ကြီးများဖြင့် စနစ်တကျသန့်ရှင်းစွာ ထုတ်ပိုးထားပြီး ကျန်းမာရေးထောက်ခံချက်ရပြီးသော နေကြာစေ့ ဖြစ်ပါသည်။

ဈာန် လှော်နေကြာစားစရာကို မန္တလေးမြို့မှ ၂၀၀၄ ခုနှစ်မှစ၍ မြန်မာနိုင်ငံတစ်ဝှမ်းသို့ ဖြန့်ချိရောင်းချခဲ့ပါသည်။

တော်ဝင်နေကြာဆီ

 

နေကြာအစေ့မှ သဘာဝထွက်ရှိလာသော တော်ဝင်နေကြာဆီ၊ ဆီထဲမှသဘာဝပါရှိလာတတ်သော ဖယောင်းဓါတ်ကို သေချာစွာ ဖယ်ထုတ် သန့်စင်ပေးထားသည့်အတွက် တော်ဝင်နေကြာဆီနှင့်မြေပဲဆီ၏ အဓိက ထူးခြားချက်အဖြစ်   စျေးကွက်တွင်း ရပ်တည်လျှက် ရှိပါသည်။ ဝယ်ယူသူတိုင်းအတွက် ပျော်ရွှင်ဖွယ်ရာ Lucky Draw များလဲထည့်ပေးထားလျှက်ရှိသည်။

တော်ဝင်မြေပဲဆီ

 

မြေပဲ အဆံမှ သဘာဝ ထွက်ရှိလာသော တော်ဝင်မြေပဲဆီ ကျန်းမာရေးအတွက်များစွာ အကျိုးပြုစေသော သဘာဝထွက် တော်ဝင်နေကြာဆီ နှင့် တော်ဝင်မြေပဲဆီ များကို လူမျိုးဘာသာမရွေးစားသုံးနိုင်စေရန်အတွက် အထူးသန့်ရှင်းစွာ အလေးစား ထုတ်လုပ်ထားပါသည်။ အလွယ်တကူ သယ်ယူမှုပြုနိုင်ရန် ဆီဗူးအမျိုးမျိုး ၊ ဆိုဒ်အမျိုးမျိုးတွင်နိုင်ငံတကာ အဆင့်မီစက်ကြီးများဖြင့် ထုတ်လုပ်ထားလျှက်ရှိသည်။

 

တော်ဝင်

 

များစွာသော အစေ့အစံ အမျိုးမျိုးအနက် လူတို့၏ကျန်းမာရေးနှင့် အထူးသင့်လျှော်သည့် အစေ့အစံများကို ရွေးချယ်ထုတ်လုပ်မည့် တော်ဝင် အလှော်မျိုးစုံ ပီတာချိုစေ့ ပျားရည်ဗာဒံစေ့ ဆားလှော်ဗာဒံစေ့လှော် နေကြာစေ့လှော် မြေပဲဆံလှော် စသဖြင့် အခြားခြားသောအစေ့အစံများကို လက်ဆောင်အမျိုးမျိုး ထည့်သွင်းလျှက် မကြာမီ ဈေးကွက်အတွင်းရောက်ရှိပါမည်။